Sunday, July 2, 2023
ရွှေအကြောင်း သိကောင်းစရာ
ရွှေအကြောင်း သိကောင်းစရာ ppc
ရွှေ (Gold)
------------
ရွှေ၏ ဓါတုဗေဒ သင်္ကေတမှာ Au ဖြစ်ပြီး အက်တမ်အမှတ်စဉ် (atomic number) မှာ 79 ၊ အက်တမ်အလေးဆမှာ (atomic weight) မှာ 196.966569/197.3 တို့ဖြစ်ပါသည်။
ရွှေ၏ အရည်ပျော်မှတ် (melting point) မှာ 1337.33K/ 1064.18Cနှင့် ဆူပွက်အမှတ် (boiling point) မှာ 3243K/2970C ဖြစ်ပါသည်။
ဒြပ်စင်အမျိုးအစားမှာ transition metal ဖြစ်ပြီး အစိုင်အခဲ (solid) အသွင်ဖြင့်တွေ့ရှိရပါသည်။ ရွှေ၏ သိပ်သည်းဆ (density of gold) မှာ 19.0/19.2/19.32 (19.30 g per cm cu- near r.t) ဖြစ်ပြီး ပြည်တွင်းဖြစ် အခေါက်ရွှေတုံးများဖြစ်သော အကယ်ဒမီတံဆိပ်မှာ 19.27 နှင့် ဘသန်းတံဆိပ်မှာ 19.25 သိပ်သည်းဆများသာရှိကြပါသည်။
ရွှေ၏ အရောင်မှာ တောက်ပသောအဝါရောင်ဖြစ်ပြီး ချို၊ ဖန်၊ အေး ဟူသော အရသာသုံးပါးကို ပိုင်ဆိုင်ပါသည်။ ဓါတ်သဘောအရ မပျက်ဆီးသောဓါတ် ( နိဗ္ဗာန ) ဖြစ်ပြီး တော်ဝင်အက်ဆစ်များနှင့် ဓါတ်ပြုမှုမရှိသောကြောင့် တော်ဝင်သတ္တု ( royal metal) ဟု တင်စားခေါ်ဝေါ်ပါသည်။ ကမ္ဘာ့မြေလွှာတွင် ရွှေပါဝင်မှုနှုံးမှာ 1/10000000000 % ဖြစ်ပြီး အမာစကေး (moh scale) မှာ 2.5 - 3 ဖြစ်ပါသည်။
ကမ္ဘာ့ရွှေရောင်းဝယ်မှုတွင် ရွှေသန့်စင်မှုကို ဖော်ပြသော သင်္ကေတများမှာ 999.9/ 99.99/ 100%/ 24K (karat) / fine gold ဖြစ်ပြီး မြန်မာ့ရွှေရောင်းဝယ်မှုတွင် ဖော်ပြသောသင်္ကေတမှာ အခေါက်ရွှေ / မီးလင်းရွှေ/ ၁၆ ပဲရည်ရွှေ ဟူ၍ အသုံးပြု ကြပါသည်။
ရွှေသည် သလင်းကျောက် ( quartz) အမျိုးအစားဖြစ်ပြီး သံကလိုရိုဒ်၊ ကြေးကလိုရိုဒ်၊ သံဆာလဖိုဒ်၊ ကြေးဆာလဖိုဒ်များနှင့်တွဲ၍ တွေ့ရများပါသည်။ သဘာဝတွင်းထွက်ရွှေများတွင် ငွေ (silver)၊ ခဲ (lead) ၊ သွပ် ( zinc) ၊ ကြေး (copper)၊ သံ (iron) တို့နှင့် ရောနှောပါဝင်လျက်ရှိပါသည်။ ရွှေကို သလင်းကျောက်အတွင်းမြှုပ်နေသော အလွန်သေးငယ်သည့် အမှုန်များအဖြစ် တွေ့ရှိနိုင်သလို သဘာဝအတုံးငယ်များ (nugget) အဖြစ်လည်းတွေ့နိုင်ပါသည်။
ရွှေသည် အခြားသောသတ္တုများနှင့် နှိုင်းယှဉ်ကြည့်လျှင် ပိုပျော့ပြီး နန်းဆွဲနိုင်သောကြောင့် နန်းကြိုးဆွဲရန်အလွယ်ကူဆုံး သတ္တုဖြစ်ပါသည်။ အပူနှင့် လျှပ်ကူးသတ္တိအများဆုံးရှိသည့် သတ္တုဖြစ်ပါသည်။ ရွှေကို တော်ဝင်သတ္တု ( nobel metal) ဟုခေါ်ပြီး ဒြပ်စင်အဖြစ်သာတွေ့ရှိရပါသည်။
ရွှေသည် အခြားသောသတ္တုများနှင့် နှိုင်းယှဉ်ကြည့်လျှင် ပိုပျော့ပါသည်။ နန်းကြိုးဆွဲရန် အလွယ်ကူဆုံးသတ္တုဖြစ်ပြီး အပူနှင့် လျှပ်ကူးသတ္တိ အများဆုံးရှိသည့် သတ္တုဖြစ်ပါသည်။ ရွှေကို တော်ဝင်သတ္တု (Nobel metal) ဟုခေါ်ပြီး ဒြပ်စင်အဖြစ်သာ တွေ့ရှိရပါသည်။
ရွှေအစစ်ကို မည်သည့်အက်ဆစ် (acid)၊ အယ်ကာလီ (alkali) တစ်မျိုးတည်းဖြင့် ဓါတ်မပြုနိုင်ပါ။ ရွှေတွင်ရောစပ်နေသော သတ္တုဓါတ်များကို နိုက်တြစ်အက်ဆစ် (nitric acid) ခေါ် ဘော်စားငရဲမီးဖြင့် အပူပေး၍ ဓါတ်ပြုစေပါက ရွှေတွင်ရောစပ်နေသော အခြားသတ္တုဓါတ်များကိုသာ ဓါတ်ပြုစေ၍ ကြေပျက်ပျောက်ကွယ်စေပြီး ရွှေအစစ်သာ ကျန်ရှိသည်ကို တွေ့ရှိရပေမည်။ ရွှေကို တော်ဝင်အက်ဆစ် HCl+ HNO3 (nitric acid) 3:1 ဖြင့်သော်လည်းကောင်း၊ ဗေ့စ်ဂုဏ်ရှိ Dicromate ဖျော်ရည် NaCN + HNO3 (nitric acid) 1/4 : 3/4 ဖြင့်သော်လည်းကောင်း အရည်ပျော်စေနိုင်ပါသည်။
အခြားသတ္တုများမပါဝင်သောရွှေကို ဆီလီနစ်အက်ဆစ် (Selenic acid) ဖြင့် အရည်ပျော်စေနိုင်ပါသည်။
ရှေးခေတ်သုံး မြန်မာ့ရွှေအလေးချိန် ( က )
- - - - - - - - - - --- - - - - - - - - - - - - - -
၃၆ မရမာအဏုမြူ = အဏုမြူ
၃၆ အဏုမြူ = ၁ လိက္ခာမြူ
ရ လိက္ခာမြူ = ၁ သန်းဦးခေါင်း
ရ သန်းဦးခေါင်း = ၁ မုန်ညင်းလုံး
၃ မုန်ညင်းလုံး = ၁ နှမ်းလုံး
၄ နှမ်းလုံး = ၁ ချင်ရွေး
၈ ချင်ရွေး = ၁ ပဲ
၅ ပဲ = ၁ မတ်
၂ မတ် = ၅ မူး
၂ ငါးမူး = ၁ ကျပ်
၅ ကျပ် = ၁ ပို
၂၁ ပို = ၁ ပိဿာ
၄ ပိဿာ = ၁ ကုလာ
၄ ကုလာ = ၁ ပုံ
ရှေးခေတ်သုံး မြန်မာ့ရွှေအလေးချိန် ( ခ )
- - - - - - - - - - - - - - - - - - - - - - - - - - - - - -
၂ ရွေးလေး = ၁ ရွေးကြီး
၃ ရွေးကြီး = ၁ ပဲသား
၂ ပဲသား = ၁ မူးသား
၂ မူးသား = ၁ မတ်သား
၂ မတ်သား = ၁ ငါးမူးသား
၂ ငါးမူးသား = ၁ ကျပ်သား
၁ ကျပ်သား = ၁ ၂၀ ရွေးလေး
၁၀၀ ကျပ်သား= ၁ ပိဿာ
ယခုခေတ်သုံး မြန်မာ့ရွှေအလေးချိန်
- - - - - - - - - - - - - - - - - - - - - - - - - - -
၁ ကျပ်သား = ၁၆ ပဲသား
၁ ပဲသား = ၈ ရွေးသား ( used ygn)
= ရ ရွေးတစ်ခြမ်း ( used mdy)
၁ ကျပ်သား = ၁၂၈ ရွေးသား ( used ygn)
= ၁၂၀ ရွေးသား ( used mdy)
ရွေးတန်ဘိုးမှာ ရန်ကုန် နှင့် မန္တလေး မတူသော်လည်း ချိန်တွယ်ရာတွင် အသုံးပြုသော အလေးများမှာ အတူတူပင်ဖြစ်ပါသည်။
Credit: ဆရာ ဦးဝင်းမော်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment